Показаны сообщения с ярлыком ကျန်းမာရေးသတင်း. Показать все сообщения
Показаны сообщения с ярлыком ကျန်းမာရေးသတင်း. Показать все сообщения
суббота, 1 января 2011 г.
လေထုညစ်ညမ်းမှုနှင့် နှလုံးရောဂါများကြား ဆက်စပ်မှုရှိ
နှလုံးရောဂါဖြစ်ဖို့ အလားအလာရှိသူများအနေဖြင့် လေထုညစ်ညမ်းသည့် ပတ်ဝန်းကျင်ကို ရှောင်ရှားသင့်ကြောင်း အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်း( American Heart Association ,AHA)မှ အဆိုပြုပြောကြားထားပါသည်။ လေထုညစ်ညမ်းသည့်နေရာတွင် အနေများသူများအနေဖြင့် နှလုံးအလုပ်မလုပ်ခြင်း၊ လေသင်တုန်း  ဖြတ်ခြင်းနှင့်  အခြားသော နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွါးဖို့  အခွင့်အလမ်းများကြောင်း သိရှိရသည်။ AHA အဖွဲ့အစည်းက အတည်ပြုထား သည်မှာ လေထုထဲတွင်ရှိသော သေးငယ်သည့် အမှုန်လေးများ (PM2.5)သည်  နှလုံးရောဂါနှင့် သက်ဆိုင်နေသော အခြေခံအကျဆုံး အမှုန်လေးများပင်ဖြစ်ပါသည်။ PM2.5 ဆိုသည်မှာ particulate matter 2.5 ဖြစ်ပြီး ၂.၅ မိုက်ခရိုမီတာ  ထက်သေးငယ်သော အမှုန်လေးများကို ဆိုလိုခြင်းဖြစ်သည်။ (၁ မိုက်ခရိုမီတာ သည် ၁ စင်တီမီတာ၏ အပုံတသောင်းပုံ ပုံလျှင် တပုံခန့် သာ ရှိပါသည်။)
၎င်းလူကိုဒုက္ခပေးသည့် အမှုန်းလေးများသည် ခန္ဓာကိုယ်အတွင်းသို့ နည်းအမျိုးမျိုးဖြင့် ၀င်ရောက် နိုင်သော်လည်း အဓိက၀င်ရောက်နိုင်သည့် နေရာမှာ အသက်ရှုလမ်းကြောင်းမှုတဆင့် ၀င်ရောက်ခြင်းပင် ဖြစ်သည်။
ထိုမှတဆင့် သွေးလည်ပတ်မှုအဖွဲ့အစည်းအတွင်းရောက်ရှိပြီး လူကို ဘေးဥပဒ်ဖြစ်စေပါသည်။ ထို့ အပြင်ထိုအမှုန်လေးများသည် အဆုတ်အား ဒုက္ခပေးပြီး အဆုတ်အတွင်းရှိ အာရုံကြောများကို ယောင်ယမ်းစေနိုင်ပါသည်။
  “ ခန္ဓာကိုယ်ထဲကို ၀င်ရောက်လာတဲ့ လေထုထဲက အမှုန်တွေဟာ သွေးလှည့်ပတ်မှု အဖွဲ့အစည်းထဲ ရောက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဒုက္ခပေးပါတော့တယ်၊ အဆုတ်အာရုံကြော အမျှင်တွေလည်း ပျက်စီးသလို လူ့ တကိုယ်လုံးက အာရုံကြောတွေကိုလည်းထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အမှုန်တွေဟာ သွေးကြောထဲမှာ ရောက်ရှိစုဝေးပြီး သွေးခဲခြင်း၊ သွေးကြောပိတ်ခြင်းတို့  ဖြစ်ပေါ်စေကာ သွေးဖိအားကိုလည်း တက်စေပြီး နှလုံး၏ ပုံမှန်လုပ်ငန်းဆောင်တာကို ပျက်စီးစေပါတော့တယ်။ ဦးနှောက်အတွင်းရှိ သွေးကြောလေးများတွင် ပိတ်ဆို့ သွားပါက လေသင်တုန်းဖြတ်ခြင်းကိုပါ
ဖြစ်စေနိုင်ပြီး နောက်ဆုံးပိတ် အသက်သေဆုံးခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်” ဟု မီရှီဂန် တက္ကသိုလ် ဆေးပညာဌာနမှ  ပရော်ဖက်စာ RobertD. Brookမှ ပြောကြားသွားပါသည်။
လူတို့ကို ဒုက္ခပေးသော ထိုPM2.5 အမှုန်လေးများထွက်ပေါ်ရာ ဇစ်မြစ်မှာ စက်ရုံများ၊ ကားအိတ်ဇောပိုက်များမှ ထွက်သော မီးခိုးများနှင့် မီးစက်များခုတ်မောင်းရာမှထွက်သော အခိုးအငွေ့များပင် ဖြစ်သည်။  ထို့အပြင် တောမီးများလောင်ကျွမ်းခြင်း၊ ဓါတုဇီဝပစ္စည်းများ လောင်ကျွမ်းခြင်း ကြောင့်လည်း အဆိုပါ အမှုန်လေးများ လေထုထဲတွင် ပျံ့နှံ့ နိုင်ပါသည်။
ထို့ကြောင့် နှလုံးနှင့်သွေးကြော ဆိုင်ရာ ရောဂါဖြစ်ဖို့ အလားအလာရှိသူများအနေဖြင့် ထိုကဲ့သို့သော PM2.5 အမှုန်လေးများ စုဝေးနိုင်သည့် လေထုညစ်ညမ်းသည့် နေရာများကို ရှောင်ရှားသင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
မှတ်ချက်။        ။Good health journal တွင် ဖော်ပြပြီး ဖြစ်ပါသည်။
အောင်အောင်
Ref: Journal of American Heart Association
четверг, 23 декабря 2010 г.
ဗီတာမင်ဘီ အုပ်စုများသည် မှတ်ဥာဏ်ချို့ယွင်းခြင်းကို သက်သာစေနိုင်
ဗီတာမင်ဘီ မှီဝဲစားသုံးခြင်းဟာ သက်ကြီးရွယ်အိုများတွင် မှတ်ဥာဏ်ချို့ယွင်းခြင်းနှင့် သတိ
မေ့တတ်ခြင်းကို လျှော့ကျစေနိုင်ပါတယ်။ အင်္ဂလန်နိုင်ငံတွင် ၂နှစ်ကြာ လေ့လာစမ်းသပ်မှုများ ပြုလုပ်ပြီးနောက်
အထက်ပါ အဆိုပြုချက်ကို ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ ဗီတာမင် B6၊ B12 နှင့် ဖောလစ်အက်စစ်
အပါအ၀င် ဗီတာမင် ဘီ အုပ်စုများဟာ သက်ကြီးရွယ်အိုများတွင် ဖြစ်တတ်လေ့ရှိသော အယ်လ်ဇိုင်းမား ရောဂါ
(Alzheimer disease) နှင့် အခြားသော မှတ်ဥာဏ်ချို့ယွင်းသည့် ပြဿနာများကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။
မှတ်ဥာဏ်ချို့ယွင်းမှု လက္ခဏာပေါ်ပေါက်နေသော လူနာများနှင့် သွေးထဲတွင် ဟိုမိုစစ်စတင်း
(homocysteine) ပမာဏမြင့်မားနေသော လူနာများတွင် ဗီတာမင်ဘီဆေးဝါးများကို သိသိသာသာ
တုံ့ပြန်နိုင်စွမ်းရှိကြောင်း Houston ပြည်နယ် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာတက္ကသိုလ်မှ ဆရာဝန်ကြီး
တစ်ဦးဖြစ်သူ Dr. Gustavo C. Roman က ပြောကြားခဲ့ပါတယ်။ ဟိုမိုစစ်စတင်းဟူသည်မှာ သွေးထဲတွင်ရှိသော
အမိုင်နိုအက်စစ်တစ်မျိုးဖြစ်ပြီး ၎င်း ဟိုမိုစစ်စတင်းပမာဏ မြင့်တက်နေခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါ
ခံစားရခြင်းတို့ကြား ဆက်နွယ်မှုရှိနေပါတယ်။
စမ်းသပ်ချက်များအရ ဗီတာမင်ဘီကို စားဆေးမှီဝဲခြင်းထက် ထိုးဆေးအဖြစ်မှီဝဲခြင်းက
မှတ်ဥာဏ်ချို့ယွင်းသော လူနာများတွင် ပိုမို ထိရောက်မှုရှိကြောင်း Roman က အဆိုပြုပါတယ်။
သက်ကြီးရွယ်အိုများတွင် ခံစားရလေ့ရှိတဲ့ အယ်လ်ဇိုင်းမားရောဂါရဲ့ လက္ခဏာတွေကတော့
အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များကို မေ့နေခြင်း
၂။ ဂဏန်းသင်္ချာ ရေတွက်ခြင်း၊ ပြဿာနာများကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲဖြစ်ပေါ်ခြင်း
၃။ နိစ္စဓူဝ ဆောင်ရွက်မှုများတွင် အဆင်မပြေဖြစ်ခြင်း
၎။ အချိန်နာရီများ မသိရှိ၊ မမှတ်မိခြင်း
၅။ စာဖတ်၊ စာရေးခြင်းနှင့် စကားပြောဆိုရာတွင် အခက်အခဲရှိခြင်း
၆။ လူမှုဆက်ဆံရေး ချို့ယွင်းခြင်း
၇။ သိသိသာသာ စိတ်အခြေအနေများပြောင်းလဲခြင်း ၊ စိတ်အလိုမကျဖြစ်ခြင်း တို့ပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၏ လူဦးရေငါးသန်းကျော်လောက်ဟာလည်း အထက်ပါ အယ်လ်ဇိုင်းမားရောဂါ
ခံစားနေရကြောင်း သိရှိရပါတယ်။ ဗီတာမင်ဘီများ မှီဝဲ သောက်သုံးခြင်းဖြင့် မှတ်ဥာဏ်ချို့ယွင်းခြင်းကို အပြည့်အ၀ ကာကွယ်မပေးနိုင်ပါဘူး။ ဒါပေမယ့် မှန်ကန်သင့်လျော်သော ဆေးပမာဏကို သုံးစွဲမယ်ဆိုရင်တော့ မှတ်ဥာဏ်
ချို့ယွင်းသည့်ရောဂါကို ပိုမိုမဆိုးဝါးအောင် တားဆီးထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်လို့ Roman က
ဆက်လက်ပြောကြားသွားပါတယ်။
ref: internet
ပတ်ဝန်းကျင်ဆူညံမှုများ နှလုံးကို ထိခိုက်စေနိုင်
“အလုပ်အကိုင်နှင့် ပတ်ဝန်းကျင် ဆေးပညာဂျာနယ်” မှ ပြောကြားထားပါတယ်။ ဆူညံသော ပတ်ဝန်းကျင်တွင်
နေ့စဉ်ရက်ဆက်         အလုပ်လုပ်သူများအနေဖြင့်         ရင်ဘတ်အောင့်ခြင်း၊         နှလုံးတိုက်ခိုက်ခံရခြင်း၊
သွေးပေါင်တက်ခြင်း စသည့် နှလုံးနှင့်ဆိုင်သော ရောဂါများဖြစ်ပွါးဖို့ အခွင့်အရေးပိုများပါတယ်။
ဆူညံသောပတ်ဝန်းကျင်တွင်       အသက်မွေးဝမ်းကျောင်းသူများဟာ       တိတ်ဆိတ်သောပတ်ဝန်းကျင်တွင်
၆၀၀၀   ကျော်ကို   အခြေခံလေ့လာထားခြင်းဖြစ်ပါတယ်။   ထိုလူဦးရေတွင်   ဆူညံသော   ပတ်ဝန်းကျင်တွင်
အလုပ်လုပ်သူများ၏    ၃.၆    ရာခိုင်နှုန်းမှာ    နှလုံးရောဂါ    ခံစားရမှုများရှိသော်လည်း        ဆိတ်ငြိမ်သော
ပတ်ဝန်းကျင်တွင်   အလုပ်လုပ်သူများတွင်မူ   ၂.၄   ရာခိုင်နှုန်းသာ   နှလုံးရောဂါ   ခံစားရမှုများရှိနေပါတယ်။
ကဲ့သို့သော ဟော်မုန်းများကို ထွက်စေပါတယ်။ ဒီဟော်မုန်းတွေက သွေးလွှတ်ကြောများကိုကျဉ်းစေပြိး နှလုံးကို
သွေးထောက်ပံ့မှုနည်းစေပါတယ်လို့ ကျွမ်းကျင်သုတေသီတစ်ဦးဖြစ်သူ Wenqi Gan က ဆိုထားပါတယ်။
ပတ်ဝန်းကျင်  ဆူညံစေကြောင့်  တစ်ဦးနှင့်တစ်ဦး  ပြောဆိုဆက်ဆံရာတွင်  အခက်အခဲရှိခြင်း၊  အိပ်စက်မှုကို
အနှောင့်အယှက်ဖြစ်စေခြင်း၊   ခန္ဓာကိုယ်၏   အစာခြေမှုစနစ်ကို   ကမောက်ကမဖြစ်စေခြင်း၊   စိတ်အလိုမကျ
ဖြစ်ခြင်းနှင့်  တခြားသော  စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို  ထိခိုက်စေနိုင်ပါတယ်။  ဒါ့အပြင်  လုပ်ငန်းခွင်တွင်
အလွန်အမင်းဆူညံခြင်းနှင့်     အနားယူချိန်တွင်     တေးဂီတသီချင်းများ     ကျယ်လောင်စွာ     နားထောင်ခြင်း
တို့ကြောင့်လည်း အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။
မြို့ပြဆူညံမှုလူနေစနစ်နဲ့  ရှောင်လွှဲမရသောလုပ်ငန်းခွင်အတွင်းလဆူညံမှုပြဿနာများကို  ဖြေရှင်းဖို့အတွက်
ear    plugs    ခေါ်    နားအဆို့ရှင်    များကို    အသုံးပြုသင့်ပါတယ်လို့    အမေရိကန်ရှိ    ဘာသာစကားနှင့်
အကြားအာရုံပညာရှင်များ အဖွဲ့ အစည်းကလည်း အကြံပြုထားပါတယ်။
23 rd oct. 2010
вторник, 21 декабря 2010 г.
ရောဂါဆိပ်ပျံ့နှံ့ခြင်းနှင့် အသက်ကယ် ဗီတာမင်
ခန္ဓာကိုယ်တွင်း ရောဂါဆိပ်ပျံ့နှံ့ခြင်း(sepsis) ဟာ အသက်အန္တရယ်ကို ခြိမ်းခြောက်တတ်တဲ့  အခြေအနေတစ်ခု ဖြစ်ပါတယ်။ ယခုအခါမှာဆိုရင် ရောဂါဆိပ်ပျံ့နှံ့ခြင်းအတွက် ဈေးနှုန်းသက်သာပြီး ထိရောက်မှုရှိသော ကုထုံးတစ်ရပ်ကို လေ့လာတွေ့ရှိ စမ်းသပ်နေပြီဖြစ်ပါတယ်။ ဗီတာမင်စီဟာ ရောဂါဆိပ်ပျံ့နှံ့ခြင်းကို ကာကွယ်နိုင်တယ်ဆိုတာကို   Western's Schulich ဆေးကျောင်းမှ ပါမောက္ခ တစ်ဦးဖြစ်သူ Dr. Karel Tyml နှင့်အဖွဲ့က သုတေသနပြု တွေ့ရှိခဲ့ပါတယ်။
ရောဂါဆိပ်ပျံ့နှံ့ခြင်းကို ခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းတွင်မဆို တွေ့ရှိရပြီး ဘက်တီးရီးယားကြောင့်သာ အများဆုံးဖြစ်တတ်တဲ့ ရောဂါအခြေအနေတစ်ခု ဖြစ်ပါတယ်။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအား ကျနေသူများတွင် အများဆုံးဖြစ်တတ်ပြီး ဆေးရုံတက်ရောက် ကုသမှုခံနေရသူများတွင်လည်း အခန့်မသင့်ပါက ရောဂါဆိပ်ပျံ့နှံ့ခြင်းကို ခံစားရတတ်ပါတယ်။ ခွဲစိပ်ခံထားရသော နေရာများမှလည်းကောင်း၊ အကြောဆေး ပုလင်းကြီး အချိန်အတော်ကြာ ချိတ်ထားရသောသူများတွင် အပ်ထိုးထားသော နေရာများမှလည်းကောင်း၊ နာတာရှည် အိပ်ရာပေါ်လှဲနေရသောလူနာများတွင် အိပ်ယာနာ (bedsores) မှလည်းကောင်း သန့်ရှင်းမှု မရှိသောအခါတွင် ရောဂါဆိပ်ပျံ့နှံ့ခြင်း ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ထိရောက်တဲ့ ကုသမှုမရရှိဘူးဆိုရင် ရောဂါဆိပ်ပျံ့နှံ့ခြင်းကြောင့် အသက်သေဆုံးနှိုင်မှုဟာ ၄၀ ရာခိုင်နှုန်းအထက်ထိ ရှိနိုင်ပါတယ်လို့ Dr. Tyml က ဆိုထားပါတယ်။
ရောဂါဆိပ်ပျံ့နှံ့ခြင်း ဖြစ်ပေါ်တဲ့အခါ ခန္ဓာကိုယ်ရှိ ခုခံအား အဖွဲ့အစည်းဟာ အဓိကကျ လုပ်ဆောင်ရပါတော့တယ်။ အဲဒီအခါသွေးကြောများရဲ့ ပုံမှန်လုပ်ငန်းဆောင်တာများပျက်စီးပြီး သွေးခဲလေးများ ပိတ်ဆို့ကာ ခန္ဓာကိုယ်ရှိ အဓိကအင်္ဂါများတွင် သွေးထောက်ပံ့မှုရပ်တန့်ပြီး အဲဒီအင်္ဂါရဲ့ လုပ်ငန်း ဆောင်တာများလည်း ပျက်ဆီးသွားပါတော့တယ်။ ပိတ်ဆို့ပြီး ကောင်းစွာမစီးဆင်းတော့တဲ့  ဆံချည်မျှင် သွေးကြောများ(plugged capillaries)ဟာ ကိုယ်တွင်းအင်္ဂါများကို အောက်ဆီဂျင်နှင့် အာဟာရဓါတ်များ မထောက်ပံ့နိုင်တော့သလို အညစ်ကြေးများကိုလည်း ပြန်လည်သယ်ဆောင်ခြင်း မပြုနိုင်တော့ပါဘူး။ ဥပမာအားဖြင့် ကျောက်ကပ်တွင် သွေးထောက်ပံ့မှု မရှိတဲ့အခါ ကျောက်ကပ်ပျက်စီးခြင်း(Renal failure) ဖြစ်ပေါ်ကာ ကျောက်ကပ်ရဲ့ တာဝန်များ ပျက်ဆီးသွားပြီး အသက်အန္တရာယ်ကို ထိခိုက်စေပါတော့တယ်။
ဓါတ်တိုးမှုဖြစ်စဉ်(oxidative stress)နှင့် သွေးခဲမှုဖြစ်စဉ်များ(clotting pathway)ဟာ ဆံချည်မျှင် သွေးကြောပိတ်ဆို့ခြင်းတွင် အဓိကကျတယ် လို့ Dr.Tyml က ဆိုပါတယ်။ ဗီတာမင်စီဟာ ဓါတ်တိုးဆန့်ကျင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ၎င်း၏ သုတေသနအရ ရောဂါဆိပ်ပျံ့နှံ့ခြင်း၏ အစောပိုင်းအဆင့်တွင် ဗီတာမင်စီ ထိုးဆေးတစ်လုံးထိုးခြင်းဟာ သွေးကြောအတွင်း ပိတ်ဆို့ခြင်း(plugging)ကို ကာကွယ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ရောဂါဆိပ်ပျံ့နှံ့ခြင်း၏ နောက်ပိုင်းအဆင့်ရောက်မှ ဗီတာမင်စီ ထိုးဆေးထိုးပါကလည်း ပိတ်ဆို့နေသော သွေးကြောများကို ပြန်လည် ကောင်းမွန်လာစေနိုင်တယ်လို့ Dr.Tyml က ထပ်မံပြောကြားထားပါတယ်။
ကြွက်များကို လေ့လာစမ်းသပ်ခဲ့တဲ့အခါမှာ ရောဂါဆိပ်ပျံ့နှံ့ခြင်းရဲ့ အစောပိုင်းအဆင့်ဖြစ်ဖြစ်၊ နောက်ပိုင်းအဆင့်တွင်ဖြစ်ဖြစ် ဗီတာမင်စီ ထိုးပေးခြင်းကြောင့် ၎င်းတို့ရဲ့ အသက်ရှင်နှိုင်မှု အခွင့်အရေး ပိုများလာကြောင်း Dr. Tyml က ရှင်းပြခဲ့ပါတယ်။ ဗီတာမင်စီရဲ့ အာနိသင်ကလည်း အချိန်ပိုကြာပြီး ဆေးထိုးပြီးနောက် ၂၄နာရီတိုင်အောင် သွေးကြော ပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်တယ်လို့လည်း ဆက်လက်ပြောထားပါတယ်။
ဗီတာမင်စီဟာ ဈေးနှုန်းလည်းသက်သာပြီး ဘေးလည်းကင်းတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ ရောဂါဆိပ် ပျံ့နှံ့နေတဲ့  လူနာတွေအတွက် ထိရောက်မှုလည်းရှိပါတယ်။ ဒါ့အပြင် ရောဂါဆိပ်ပျံ့နှံ့မှုများသော ဖွံ့ဖြိုးဆဲ နိုင်ငံများနဲ့ ဆေးဝါးစရိတ်ကြီးကြီးမားမား မတတ်နိုင်သော နေရာများတွင်လည်း ပိုမို အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်လို့ Dr.Tyml က ပြောကြားသွားပါတယ်။
Ref: www.medicalnewstoday.com