နှလုံးရောဂါဖြစ်ဖို့ အလားအလာရှိသူများအနေဖြင့် လေထုညစ်ညမ်းသည့် ပတ်ဝန်းကျင်ကို ရှောင်ရှားသင့်ကြောင်း အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်း( American Heart Association ,AHA)မှ အဆိုပြုပြောကြားထားပါသည်။ လေထုညစ်ညမ်းသည့်နေရာတွင် အနေများသူများအနေဖြင့် နှလုံးအလုပ်မလုပ်ခြင်း၊ လေသင်တုန်း ဖြတ်ခြင်းနှင့် အခြားသော နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွါးဖို့ အခွင့်အလမ်းများကြောင်း သိရှိရသည်။ AHA အဖွဲ့အစည်းက အတည်ပြုထား သည်မှာ လေထုထဲတွင်ရှိသော သေးငယ်သည့် အမှုန်လေးများ (PM2.5)သည် နှလုံးရောဂါနှင့် သက်ဆိုင်နေသော အခြေခံအကျဆုံး အမှုန်လေးများပင်ဖြစ်ပါသည်။ PM2.5 ဆိုသည်မှာ particulate matter 2.5 ဖြစ်ပြီး ၂.၅ မိုက်ခရိုမီတာ ထက်သေးငယ်သော အမှုန်လေးများကို ဆိုလိုခြင်းဖြစ်သည်။ (၁ မိုက်ခရိုမီတာ သည် ၁ စင်တီမီတာ၏ အပုံတသောင်းပုံ ပုံလျှင် တပုံခန့် သာ ရှိပါသည်။)
၎င်းလူကိုဒုက္ခပေးသည့် အမှုန်းလေးများသည် ခန္ဓာကိုယ်အတွင်းသို့ နည်းအမျိုးမျိုးဖြင့် ၀င်ရောက် နိုင်သော်လည်း အဓိက၀င်ရောက်နိုင်သည့် နေရာမှာ အသက်ရှုလမ်းကြောင်းမှုတဆင့် ၀င်ရောက်ခြင်းပင် ဖြစ်သည်။
ထိုမှတဆင့် သွေးလည်ပတ်မှုအဖွဲ့အစည်းအတွင်းရောက်ရှိပြီး လူကို ဘေးဥပဒ်ဖြစ်စေပါသည်။ ထို့ အပြင်ထိုအမှုန်လေးများသည် အဆုတ်အား ဒုက္ခပေးပြီး အဆုတ်အတွင်းရှိ အာရုံကြောများကို ယောင်ယမ်းစေနိုင်ပါသည်။
၎င်းလူကိုဒုက္ခပေးသည့် အမှုန်းလေးများသည် ခန္ဓာကိုယ်အတွင်းသို့ နည်းအမျိုးမျိုးဖြင့် ၀င်ရောက် နိုင်သော်လည်း အဓိက၀င်ရောက်နိုင်သည့် နေရာမှာ အသက်ရှုလမ်းကြောင်းမှုတဆင့် ၀င်ရောက်ခြင်းပင် ဖြစ်သည်။
ထိုမှတဆင့် သွေးလည်ပတ်မှုအဖွဲ့အစည်းအတွင်းရောက်ရှိပြီး လူကို ဘေးဥပဒ်ဖြစ်စေပါသည်။ ထို့ အပြင်ထိုအမှုန်လေးများသည် အဆုတ်အား ဒုက္ခပေးပြီး အဆုတ်အတွင်းရှိ အာရုံကြောများကို ယောင်ယမ်းစေနိုင်ပါသည်။
“ ခန္ဓာကိုယ်ထဲကို ၀င်ရောက်လာတဲ့ လေထုထဲက အမှုန်တွေဟာ သွေးလှည့်ပတ်မှု အဖွဲ့အစည်းထဲ ရောက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဒုက္ခပေးပါတော့တယ်၊ အဆုတ်အာရုံကြော အမျှင်တွေလည်း ပျက်စီးသလို လူ့ တကိုယ်လုံးက အာရုံကြောတွေကိုလည်းထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အမှုန်တွေဟာ သွေးကြောထဲမှာ ရောက်ရှိစုဝေးပြီး သွေးခဲခြင်း၊ သွေးကြောပိတ်ခြင်းတို့  ဖြစ်ပေါ်စေကာ သွေးဖိအားကိုလည်း တက်စေပြီး နှလုံး၏ ပုံမှန်လုပ်ငန်းဆောင်တာကို ပျက်စီးစေပါတော့တယ်။ ဦးနှောက်အတွင်းရှိ သွေးကြောလေးများတွင် ပိတ်ဆို့ သွားပါက လေသင်တုန်းဖြတ်ခြင်းကိုပါ
ဖြစ်စေနိုင်ပြီး နောက်ဆုံးပိတ် အသက်သေဆုံးခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်” ဟု မီရှီဂန် တက္ကသိုလ် ဆေးပညာဌာနမှ ပရော်ဖက်စာ RobertD. Brookမှ ပြောကြားသွားပါသည်။
လူတို့ကို ဒုက္ခပေးသော ထိုPM2.5 အမှုန်လေးများထွက်ပေါ်ရာ ဇစ်မြစ်မှာ စက်ရုံများ၊ ကားအိတ်ဇောပိုက်များမှ ထွက်သော မီးခိုးများနှင့် မီးစက်များခုတ်မောင်းရာမှထွက်သော အခိုးအငွေ့များပင် ဖြစ်သည်။ ထို့အပြင် တောမီးများလောင်ကျွမ်းခြင်း၊ ဓါတုဇီဝပစ္စည်းများ လောင်ကျွမ်းခြင်း ကြောင့်လည်း အဆိုပါ အမှုန်လေးများ လေထုထဲတွင် ပျံ့နှံ့ နိုင်ပါသည်။
ထို့ကြောင့် နှလုံးနှင့်သွေးကြော ဆိုင်ရာ ရောဂါဖြစ်ဖို့ အလားအလာရှိသူများအနေဖြင့် ထိုကဲ့သို့သော PM2.5 အမှုန်လေးများ စုဝေးနိုင်သည့် လေထုညစ်ညမ်းသည့် နေရာများကို ရှောင်ရှားသင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
မှတ်ချက်။ ။Good health journal တွင် ဖော်ပြပြီး ဖြစ်ပါသည်။
အောင်အောင်
Ref: Journal of American Heart Association
အောင်အောင်
Ref: Journal of American Heart Association

Комментариев нет:
Отправить комментарий