вторник, 11 января 2011 г.

သူနာပြုဘုရား


ကိုယ်ရိပ်သဏ္ဍန်၊ ညီအာနန်နှင့်
မြတ်မွန်ထွဋ်ထား၊ တို့ဘုရားသည်
တပါးသောခါ၊ ဒေသစာဖြင့်
တိုက်တာလှည့်ကာ ကြည့်သတဲ့။
ကျီးသံသဲ့သဲ့၊ ယင်မဲ့မဲ့ဖြင့်
မွဲပြာညစ်ရောင်၊ ကျောင်းတစ်ဆောင်ကို
ဘုန်းခေါင်ဘုရား၊ ၀င်ကာသွားသော်
သနားစဖွယ်၊ ကျောင်းအလယ်တွင်
ကျင်ငယ်ကျင်ကြီး၊ တင်းကြမ်းစီးလျက်
ကိုယ်ထီးလျောင်းရှာ၊ ထေရ်သူနာကို
မြတ်စွာဘုရား တွေ့ပါသတည်း။
အမိသည်သား၊ ပြုသောလားသို့
ဘုရားမြတ်မွန်၊ ညီအာနန်ကို
ချိုးရန်ရေတောင်း၊ စောင်ပါတောင်းလျက်
သွန်းလောင်းသုတ်သင်၊ ပြီးစီးလျှင်မူ
ခေါင်းတွင်ဘုရား၊ လက်တော်ထားကာ
ညီဘွားခြေက၊ ပြိုင်တူမလျက်
မြတ်လှနေရာ၊ ညောင်စောင်းသာတွင်
ကောင်းစွာအိပ်စက်စေသတည်း။
ထို့နောက်ရှင်တော်၊ စည်းဝေးခေါ်ကာ
မြွက်ဖော်စကား၊ မိန့်တော်ကြား၏
မိခြားဖဝေး၊ တစ်ရပ်ကျေးတွင်
ချိုအေးကြည်သာ၊ တရားရှာသည့်
များစွာအပေါင်း၊ ရဟန်းကောင်းတို့
ညံပျောင်းကြည်ဖြူ၊ နာသောသူကို
ငါ့တူကြင်နာ၊ ပြုစုပါက
မြတ်ရာရောက်လိမ့် ဧကန်တည်း။ ။
မင်းသုဝဏ်

(ဤကဗျာလေးအား ကိုပြည့်စုံအောင်ထံမှ ရရှိပါသည်)

Комментариев нет:

Отправить комментарий